မချမ်းဘော့မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 



MNP - အောက်တိုဘာ   ၁၅        


ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊‌ မချမ်းဘော့မြို့နယ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများကို အခြေခံ၍ လူငယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး စိတ်ဓါတ်ခန္ဓာ ပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊ လူငယ်များအားကစားကို စိတ်ပါဝင်စားလာပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားလာစေနိုင်ရန်နှင့် မြို့နယ်အတွင်းမှ ဂုဏ်‌ဆောင်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခဲ့သော မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက မချမ်းဘော့မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက် များနှင့် အညီ ကျင်းပသည်။


ထို့နောက် ဗိုလ်လုပွဲသို့ တက်ရောက်လာသည့်  အလန်ဂါးဘောလုံးအသင်းနှင့် ဆင်လွမ်ဒမ်းဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အလန်ဂါး ဘောလုံးအသင်းက ၃-၂ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။


ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး အောင်ကိုဝင်းနှင့် အဖွဲ့ဝင်များက ပထမဆုရရှိသော အလန်ဂါးအသင်းနှင့် ဒုတိယဆုရရှိသော ဆင်လွမ်ဒမ်းဘောလုံး အသင်းသားများကို ဆုဖလား၊ ဆုတံဆိပ်လည်ဆွဲနှင့် ဆုကြေးငွေများ အသီးသီး ပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး ထူးချွန်ဆုရရှိခဲ့သူများအား ဆု‌ကြေး‌ငွေများ ချီးမြှင့်ကြသည်။


အဆိုပါ ပြိုင်ပွဲဝင်ခဲ့ကြ‌သော အသင်းသားများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ အသက်(၁၇)နှစ်အထက် ကစားသမားများသာ ပါဝင်ယှဉ်ပြိုင်ကစားခွင့် ပေးထားပြီး ပြိုင်ပွဲကို စက်တင်ဘာလ (၁၆) ရက်မှ အောက်တိုဘာလ(၁၄)ရက်အထိ သတ်မှတ် ကာ ပြိုင်ပွဲဝင်အသင်း(၈)သင်းကို အုပ်စု(၂)စုခွဲ၍ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရ သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)