(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းစုစုပေါင်း ၅၄ ခန်း လျာထား သတ်မှတ်ဆောင်ရွက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းစုစုပေါင်း ၅၄ ခန်း လျာထား သတ်မှတ်ဆောင်ရွက်မည်



MNP ၊ အောက်တိုဘာ ၂၈

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင် ရွက်ရေး လုပ်ငန်းတာဝန် (၉)ရပ်ဖြင့် သတ်မှတ်ထားရှိပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပြခန်းများအပြင် ဂုဏ်ပြုယာဉ်များလည်း စနစ်တကျနေရာချထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အထိမ်းအမှတ်ပြခန်းများ ခင်းကျင်းပြသသည့် နေရာတွင် ဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းများ ၂၄ ခန်း၊ တိုင်းဒေသကြီး/ပြည်နယ် အထိမ်းအမှတ်ပြခန်းများ ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများ ၁၅ ခန်း စုစုပေါင်း ၅၄ ခန်း လျာထားသတ်မှတ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပြခန်းများတွင် ဝန်ကြီးဌာန ကိုယ်စားပြု ပြခန်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ ဗဟုသုတဖြစ်ဖွယ် ပြည့်ပြည့်စုံစုံ၊ ဝေဝေဆာဆာ ခင်းကျင်းပြသနိုင်ရေး၊ တိုင်းဒေသကြီး/ ပြည်နယ်ကိုယ်စားပြု ပြခန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရိုးရာ အထိမ်းအမှတ်များ၊ ယဉ်ကျေးမှုများ၊ ထူးခြားသော ရှေးဟောင်း အမွေအနှစ်လက္ခဏာများ ပြည့်စုံစွာ ခင်းကျင်းပြသနိုင်ရေး ထူးခြားစွာ တိုင်းပြည်ဝင်ငွေ ရရှိစေသော လုပ်ငန်းများ၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရေး ဆောင်ရွက်ချက်များ၊ အလှပြယာဉ်များနှင့်အတူ အထိမ်းအမှတ် ပြခန်းများအား ယှဉ်တွဲ၍ ခင်းကျင်းပြသဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ ပြခန်းများအား အများပြည်သူ ဗဟုသုတရဖွယ် ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသနိုင်ရေးအတွက် မိမိတို့ဌာန/ အဖွဲ့အစည်းအလိုက် သတ်မှတ်အချိန်မီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြခန်းများစီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးဝင်းဖေက လုပ်ငန်းတာဝန်များဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၊ ပြခန်းများ ပြင်ဆင်ဆောင် ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသူများက စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)