ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ရှိ အိမ်တွင်းမှုထုတ်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ရှိ အိမ်တွင်းမှုထုတ်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု

 


MNP - အောက်တိုဘာ   ၃၁


ရှမ်းပြည်နယ်အတွင်း MSME အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ညနေ(၃)နာရီခွဲက ကျိုင်းတုံမြို့၊ ကျိုင်းလန်(၂)လမ်းရှိ "ရှင်းရှင်း"ခေါက်ဆွဲ အိမ်တွင်းမှုလုပ်ငန်းအဆင့်ဆင့်ပြုလုပ်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြကြောင်းနှင့် အိမ်တွင်းမှုတစ်ပိုင်တစ်နိုင်ဝိုင်လုပ်ငန်း၊ အာခါစက်မှုလက်မှု ကုန်ထုတ်သမဝါယမ အသင်းလီမိတက်မှ အာခါတိုင်းရင်းသားရိုးရာအထည်များ ရောင်းချနေမှုတို့ကို ကြည့်ရှုကြသည်။


ဆက်လက်၍ ကျိုင်းတုံမြို့ လားဟူနှင့်အာခါ ကုမ္ပဏီလီမိတက်တို့မှ လက်ဖက်ခြောက်ထုတ်လုပ်နေမှုနှင့် လားဟူတိုင်းရင်းသားရိုးရာအထည်များ၊ ဂျိန်ဖောရတနာ တန်(၁၀၀)ကျ ဆန်စက်တွင် ဒေသထွက်ရွှေရင်အေး (နွေစပါး)၊ မှော်ဘီ (မိုးစပါး) ကြိတ်ခွဲနေမှုနှင့်ရွှေစင် အဆင့်မြင့်တန်(၁၅၀)ကျ ဆန်စက်တို့ကို သွားရောက်ကြည့်ရှုကြသည်။


အဆိုပါ ရွှေစင်အဆင့်မြင့်တန်(၁၅၀)ကျ ဆန်စက်သည် စက်ပစ္စည်းများအဆင့်သင့်ရောက်ရှိနေပြီး မကြာခင် စက်ရုံလည်ပတ်၍ ဒေသထွက်စပါးများကို ကြိတ်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)