စစ်ကိုင်းမြို့တွင် စပါး၊ နေကြာ၊ ဝါ၊ တစ်ဧက အထွက်နှုန်းတိုးတက်ရေး ဝန်ထမ်း/ တောင်သူ နည်းပညာပေး သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် စပါး၊ နေကြာ၊ ဝါ၊ တစ်ဧက အထွက်နှုန်းတိုးတက်ရေး ဝန်ထမ်း/ တောင်သူ နည်းပညာပေး သင်တန်းဖွင့်




MNP - အောက်တိုဘာ   ၃


စစ်ကိုင်းခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ စပါး၊ နေကြာ၊ ဝါ၊ တစ်ဧက အထွက်နှုန်းတိုးတက်ရေး ဝန်ထမ်း/ တောင်သူ နည်းပညာပေးသင်တန်းကို ယမန်နေ့၊ နံနက်ပိုင်းက ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် စိုက်စနစ်မှန်ကန်စေရေး၊ မြေရွေးချယ်မှု မှန်ကန်စေရေး၊ စတင်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ပေါင်း၊ မြက်ကင်းရှင်းပြီး မြေဩဇာအသုံးပြုမှု မှန်ကန်စေရေး နည်းလမ်းများကို ရှင်းလင်းပြောကြားပေးခဲ့သည်။


ဆက်လက်၍ စစ်ကိုင်းခရိုင်/ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးများက တိရစ္ဆာန်များ မွေးမြူရေးနှင့် အစားအစာကောင်းများရရှိနိုင်မည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပေးကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက တက်ရောက်လာကြသည့် ကျေးရွာတောင်သူများအား EM-Bokashi ပြုလုပ်သုံးစွဲနည်း အဆင့်ဆင့်နှင့် အကျိုးသက်ရောက်မှု နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြီး လက်တွေ့သရုပ်ပြသပေးခဲ့ကြသည်။


အဆိုပါသင်တန်းကို တစ်ရက်တာ စာတွေ့/ လက်တွေ့သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာတောင်သူများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)