MNP ၊ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံ လူဦးရေစာရင်း မှန် ကန်စေရေး မြေပြင်ကွင်းဆင်း၍ တိုက် ဆိုင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ဈေးတောင်ရပ်ကွက်၌ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး ဦးဆောင်၍ မြို့နယ်ကြီး ကြပ်ရေးကော်မတီအဖွဲ့ ဝင်များ၊ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန် ထမ်းများ ပူးပေါင်း၍ အခြေခံလူဦးရေစာ ရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment