ညောင်တုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ညောင်တုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

21


MNP - အောက်တိုဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာန ဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပြီး ယနေ့ နံနက် ၉ နာရီကအချိန်က ရန်ကင်းစံရာ ကျေးရွာရှိ ရန်ကင်းအောင်မြင်ကျောင်းတိုက်၌ ရောင်းချပေးခဲ့သည်။


ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း ၍ အိမ်ထောင်စု(၁)စုလျှင် ဆန်(၂)ပြည် ၂၀၀၀ ကျပ်နှုန်း၊ ကြက်ဥ (၅)လုံး ၈၀၀ ကျပ်နှုန်း၊ ဆား(၅၀) ကျပ်သား ၂၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ဆန် (၆၀၀) ပြည်၊ ကြက်ဥ (၁၅၀၀)လုံး၊ ဆား (၁၅၀)ပိဿာအား သက်သာ‌သော ဈေးနှုန်းရောင်းချပေးခဲ့သည်။


မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ စားသောက်နိုင်‌ရေးအတွက် ရောင်းချပေးခြင်းကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ရက်ကွက်/ကျေးရွာအုပ်စုများသို့ အလှည့်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages