ဘူးသီးတောင်မြို့၌မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက် မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက် မြိုက်စွာကျင်းပ








MNP ၊ အောက်တိုဘာ ၁၅

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌မြို့ပေါ်ကျောင်းထိုင်ဆရာ တော်ကြီးများကကြီးမှူးပြီးဆွမ်းလောင်း လူငယ်များ၏ပံ့ပိုးကူညီမှုများဖြင့်မြို့ပေါ်သံဃာတော်များစုပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကိုယနေ့ ညနေ(၃)နာရီအချိန်ကမြို့တစ်ပါတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာတွင်ဘူးသီးတောင်မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးမှဆရာတော်၊သင်္ဃာအပါး(၈၀)ပါးခန့်ပါဝင်ပြီးအေးစေတီကျောင်းတိုက်မှစတင်ထွက်ခွာကာမြို့ပေါ်ရပ်ကွက်များအနှံ့လှည့်လည်ဆွမ်းခံခဲ့ကြခြင်းဖြစ်ပြီးစေတ နာရှင်အလှူရှင်မြို့သူ/မြို့သားများကဆန် /ကြက်သွန်အစရှိသည့်ဆွမ်းခြောက်များကိုသဒ္ဒါတရားထက်သန်စွာဖြင့်လောင်းလှူခဲ့ကြသည်။

ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများဖြင့်ရရှိလာသည့်ဆွမ်းဆန်စိမ်းများ၊ အခြားဆွမ်းခြောက်များနှင့် နဝကမ္မအလှူငွေများကို ဆွမ်းလောင်းလူငယ်များကသက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများသို့ခွဲဝေ၍ကူညီပို့ဆောင်ကပ်လှူပေးခဲ့ကြကြောင်း သိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)