လပွတ္တာမြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကျင်းပ



MNP - အောက်တိုဘာ   ၄


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်က မီးသတ်တပ်ဖွဲ၏ အဓိက တာဝန်ကြီး (၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသည့် တာဝန်ကြီး (၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းကာလတွင် သင်ကြားပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာသင်ယူ၍ ရပ်ရွာပြည်သူလူထု လေးစားယုံကြည် အားကိုးလောက်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။


အဆိုပါ သင်တန်းတွင် မီးလောင်မှုများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုကျွမ်းကျင်မှု ရှိစေရေး၊ မီးငြှိမ်းသတ်ရေး ဘာသာရပ်များ၊ ရှာဖွေကယ်ဆယ်ရေး လက်တွေ့သင်ခန်းစာများ၊ အခြေခံကြိုးချည်နည်းများ၊ လူနာသယ်ဆောင်ခြင်းနည်းများ၊ အထပ်မြင့်ရှာဖွေကယ်ဆယ်ရေး သင်ခန်းစာများကို သင်ကြားပို့ချသွားမည် ဖြစ်ပြီး သင်တန်းသား(၅၀)ဦးအား ရက်သတ္တပတ် (၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)