ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး




MNP - အောက်တိုဘာ   ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းမှ တောင်သူများအတွက် ၂၀၂၂ ခုနှစ်  ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၈ နာရီမှစ၍ ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ကျောက်တန်းမြို့နယ်၌  ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား နွေစပါးနှင့်အခြားသီးနှံများ ဆီထွက်သီးနှံများ ပဲအမျိုးမျိုးတို့ကို အဆင်ပြေစွာစိုက်ပျိုးနိုင်ရန်အတွက် အောက်တိုဘာ ၁၂ ရက်မှမှစတင်ပြီး ဒီဇင်ဘာလကုန်အထိ ဆောင်းသီးနှံစိုက်ပျိုးရေးချေးငွေများကို ထုတ်ချေးသွားမည်ဖြစ်ပါသည်။ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၄၅) ဦး အတွက် ချေးငွေစုစုပေါင်းငွေကျပ် (၃၅၇) သိန်း စတင်ထုတ်ချေးပေးခဲ့ပါသည်။ ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဘဏ်ခွဲအနေ့ဖြင့် ၂၀၂၂ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမှုအနေဖြင့် ကျေးရွာအုပ်စု (၄၇) မှ ဒေသခံတောင်သူများအား ဆောင်းစပါးစိုက်ပျိုးရန်အတွက် တစ်ဧကလျှင်  ကျပ်တစ်သိန်းခွဲ နှုန်း အခြားသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧကလျင် တစ်သိန်းနှုန်းဖြင့် ကျပ်သန်းပေါင်း ၄၃၀၀ ကျော် ထုတ်ချေးပေးရန် လျာထားပါကြောင်းနှင့် ထုတ်ချေးရာတွင် တောင်သူတစ်ဦးချင်းစီအလိုက်ချေးငွေများ ထုတ်ချေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေး ခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)