ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း (၂၇) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအ‌ဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း (၂၇) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအ‌ဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်




MNP ၊ အောက်တိုဘာ ၂၉

(၂၇) ကြိမ်‌မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ အလုပ်သမားနှင့် အလုပ်အကိုင် ဆိုင်ရာဌာနမှ အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ မြန်မာနိုင်ငံမှ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


(၂၇) ကြိမ်‌မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးကို "Together as One: Reshaping the World of Work the ASEAN Way Towards Digitalized, Inclusive and Sustainable Recovery and Growth" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများနှင့် အာဆီယံ +၃ နိုင်ငံများမှ အလုပ်သမားဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးကြသည်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် နည်းပညာဆန်းသစ်တီထွင်မှုများသည် အလုပ်သမားများ၏ အလုပ်အကိုင်များအပေါ် သက်ရောက်မှုများရှိနေကြောင်း၊ နည်းပညာကို တိုးမြှင့်တည်ထောင်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် အာဆီယံရှိအလုပ်သမားများသည် လာမည့်ဆယ်စုနှစ်ကျော်တွင် အကျိုးဖြစ်ထွန်းစွာ အလုပ်လုပ်ကိုင်နိုင်ရေး အတွက် ကျွမ်းကျင်မှုများကို အလိုက်သင့်ပြုပြင်ရန်နှင့် အလုပ်အကိုင်အသစ်များ ဖန်တီးရန်လိုကြောင်း။


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်ခွင်များ ရုတ်တရက်ပိတ်ခြင်း၊ ကန့်သတ်ချက်မူဝါဒများ ပြောင်းလဲခြင်း၊ လုပ်အားခလျှော့ချခြင်းနှင့် အလုပ်အကိုင်ဆုံးရှုံးမှုများကြောင့် ဒေသတွင်းအလုပ် အကိုင်များကို အရေးတကြီး ပြန်လည်သုံးသပ်ရန်နှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရန် အရေးကြီးကြောင်း၊ ဒေသတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေ လျော့ကျလာသော်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများကြောင့် အချို့အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် အလုပ်အကိုင်လုံခြုံရေးနှင့် တည်ငြိမ်မှုအပေါ် ကြီးမားသော စိုးရိမ်ပူပန်မှု များ ဖြစ်ပေါ်လာစေကြောင်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုများကို အဆက်မပြတ် အဆင့်မြှင့်တင်ရန် အရေးကြီးကြောင်း။


ဒီဂျစ်တယ်စီးပွားရေး၏ အလုပ်အကိုင်လိုအပ်ချက်များအတွက် ကျွမ်းကျင်မှုအသစ်များ သင်ယူရန် လုံလောက် သည့် အခွင့်အလမ်းများသေချာစေရန်နှင့် အလုပ်သမားများအားလုံး လုံခြုံပြီး ကျန်းမာသည့် အလုပ်ဝန်းကျင်ကို အာမခံချက်ပေးရန်လိုကြောင်း၊ အာဆီယံနိုင်ငံများရှိ လူမှုရေး လုပ်ဖော်ကိုင်ဖက်များအကြား လူမှုရေး အပြန်အလှန်ဆွေးနွေးမှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုသည် ကိုဗစ်-၁၉ နောက်ပိုင်းပုံမှန်အသစ်နှင့် လိုက်လျောညီထွေဖြစ်စေကြောင်း၊ အာဆီယံဒေသတွင်းရှိ အစိုးရများ၊ အလုပ်ရှင်များ၊ အလုပ်သမားများ၏ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ကြောင်း။


မြန်မာနိုင်ငံအနေဖြင့် အာဆီယံမဏ္ဍိုင်သုံးရပ်အောက်တွင် အာဆီယံအသိုက်အဝန်း၏ အနှစ်သာရကို အတူတကွ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် “အာဆီယံတိုးတက်မှုနှင့် လိုက်လျောညီထွေဖြစ်သော အလုပ်အကိုင်သစ်များကို ဒီဂျစ်တယ်အသုံးပြုသောစနစ်ဖြင့် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သည့် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးမှု ဆီသို့ ပြန်လည်ပုံဖော်နိုင်မည်” ဟုယုံကြည်ပါကြောင်း၊ အနာဂတ်တွင် အာဆီယံကိုစဉ်းစားသည့်အခါ “တစ်ညီ တစ်ညွတ်တည်း” ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။


(၂၇) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်နှင့် (၁၂) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်များကို ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)