ကြာအင်းဆိပ်ကြီးမြို့နယ်၌ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ်၌ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်းဖွင့်လှစ်



MNP - အောက်တိုဘာ  ၂၉


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများမှ  ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံ ကျောင်းအုပ်များအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။


အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက သင်တန်းသို့ တက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံ ကျောင်းအုပ်များအနေဖြင့် စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းမှ သင်ကြားဆွေးနွေးပို့ချမှု သင်ခန်းစာဘာသာရပ်များအား အထူးအလေးအနက်ထား မှတ်သားလိုက်နာသင်ယူကြစေလိုကြောင်း စသည် ဖြင့် ပြောကြားသည်။


၎င်းစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၂ ရက်ကြာဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး ယင်းသင်တန်းကို ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းအုပ်ကြီး(၁၄)ဦး၊ အထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ကြီး(၂၂)ဦး၊ အလယ်တန်းကျောင်းအုပ်ကြီး (၁၂)ဦး၊ မူလတန်းကျောင်းအုပ်စုမှူးများ၊ တွဲဖက်အုပ်စု မှူးများ၊ ဆက်သွယ်ရေးတာဝန်ခံများ (၅၄)ဦး၊ အလက(ခွဲ)၊ မူလွန်၊ အမကနှင့် အမက(ခွဲ) ကျောင်းများမှ ကျောင်းအုပ်ကြီးများ(၁၉၆)ဦး စုစုပေါင်း(၂၉၈)ဦးမှ တက်ရောက်လျက်ရှိကြောင်း သိရသည်။


သတင်း - မျိုးမင်းဦး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)