လဲချားတွင် မြို့နယ်ဂုဏ်ဆောင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားတွင် မြို့နယ်ဂုဏ်ဆောင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၈


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်သမီးငယ်လေးများမှအကဖြင့် ဖျော်ဖြေခဲ့သည်။ ယင်းနောက် မြို့နယ်ဂုဏ်ဆောင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များနှင့် နည်းပြ/အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်စေရန် ပံပိုးကူညီပေးခဲ့သောကော်မတီဝင်များ၊ အလှူရှင်များနှင့်မြို့မိမြိုဖများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသီးသီးပေးအပ်ဂုဏ်ပြုခဲ့ပြီး အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါအသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)