ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် စက်ရေတွင်း တူးဖော်မှု ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် စက်ရေတွင်း တူးဖော်မှု ရာနှုန်းပြည့်ပြီးစီး

 


MNP - အောက်တိုဘာ  ၂၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စက်ရေတွင်း (တွင်းနက်) တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးကြောင်း ကျွန်းလှမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


စက်ရေတွင်း အနံ ၂ လက်မ၊ အနက် ၂၀၀ ပေ တူးဖော်ခြင်းနှင့် ရေစုပ်စက်တပ်ဆင်ခြင်းကို ခွင့်ပြုရန်ပုံငွေကျပ် ၁၀ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၅ သိန်း၊ စုစုပေါင်း ၁၅ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ စက်ရေတွင်း တူးဖော်ပြီးစီး၍ ရှမ်းစုကျေးရွာရှိ အိမ်ခြေ (၃၈) အိမ်၊ အိမ်ထောင်စု (၃၂) စု၊ လူဦးရေ (၁၆၈) ဦးတို့အား သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)