ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ်စု၊ တဲတန်းကျေးရွာ ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၇)စုအား ကယ်ဆယ်ရေး ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ်စု၊ တဲတန်းကျေးရွာ ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၇)စုအား ကယ်ဆယ်ရေး ထောက်ပံ့ငွေပေးအပ်

 



MNP - အောက်တိုဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေလယ်ကျွန်းအုပ်စု တဲတန်းကျေးရွာ ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၇)စုအား ကယ်ဆယ်ရေး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့သည်။


အဆိုပါကမ်းပြိုဘေးသင့် အိမ်ထောင်စု (၇)စုများသည် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြီးဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသဖြင့် မိသားစုဝင် (၂၃)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေကျပ် (၇၄၈၃၀ဝိ/)ကျပ်အား ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသက်မွန်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)