ကျောက်ပန်းတောင်းမြို့ ခရိုင်တိုင်းရင်းဆေးကုဌာနမှ အင်တောကျယ်ကျေးရွာရှိ ပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းကုသမှုပေး၍ ကျန်းမာရေးအသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ ခရိုင်တိုင်းရင်းဆေးကုဌာနမှ အင်တောကျယ်ကျေးရွာရှိ ပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းကုသမှုပေး၍ ကျန်းမာရေးအသိပညာပေးဟောပြော

 


MNP - အောက်တိုဘာ   ၁၀


မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ခရိုင်အဆင့် ဖွင့်လှစ်ထားသည့်၊ ခရိုင်တိုင်း ရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများသည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သော ယမန်နေ့နံနက်(၉)နာရီက ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း/သာမဏေများနှင့် ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အခမဲ့ဆေးဝါးကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း များ ဆောင်ရွက်ခဲ့ကြောင်း ခရိုင်တိုင်းရင်းဆေးမှူးထံမှ သိရသည်။


ကျောက်ပန်းတောင်းမြို့ ခရိုင်တိုင်းရင်းဆေးကုဌာန၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးနှင့် ဝန်ထမ်းများသည်၊ အင်တောကျယ်ကျေးရွာ ရွာဦး (အရှေ့) ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းနေ ရဟန်းသံဃာများနှင့် သာမဏေများ၊ ကျောင်းသို့ ဥပုသ်သီတင်းသီလ လာရောက်ဆောက်တည်ကြသည့် ကျေးရွာမှ သက်ကြီးဘိုးဘွားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ရာတွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးက တိုင်းရင်းဆေးပညာအရ ပြည်သူများ သိရှိ/သတိထား ရမည့် ရောဂါကြီး (၆) မျိုးအကြောင်းကို ရှင်းလင်းပြောကြားပြီး၊ ကံ၊ စိတ်၊ ဥတု၊ အဟာရ မျှတအောင် နေထိုင်စားသောက်သင့်သည်များနှင့် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ မျိုးဗီဇကွဲရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများ၊ ကူးစက်မှုမရှိစေရေး လူနေမှုဘဝတွင် ပုံမှန်လိုက်နာဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ် များနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်း၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ကြ ရန်တို့ကို အသိပညာပေးဟောပြောသည်။ ယင်းနောက် ရဟန်း/သာမဏေများနှင့် အမျိုးသားလူနာ(၁၃)ဦး၊ အမျိုးသမီးလူနာ(၄၈)ဦး စုစုပေါင်း(၆၁)ဦးတို့အား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အခမဲ့ကုသပေးခြင်းများ ကို မွန်းလွဲ (၁) နာရီအထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)