မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် အထောက်အကူပြုမြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင် စစ်ဆေးခြင်း၊ မဲရုံများလျာထားသတ်မှတ် ခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် အထောက်အကူပြုမြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင် စစ်ဆေးခြင်း၊ မဲရုံများလျာထားသတ်မှတ် ခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - အောက်တိုဘာ   ၁၅


မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် အထောက်အကူပြု မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင် စစ်ဆေးခြင်း၊ မဲရုံများလျာထားသတ်မှတ်ခြင်း ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ဟံသာဝတီ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (တနင်္သာရီတိုင်းတာ ဝန်ခံ) ဦးကိုကိုလွင်နှင့် ဦးမြင့်သိန်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကော့‌သောင်းခရိုင်၊ ဘုတ်ပြင်းခရိုင်၊ကော့သောင်းမြို့နယ်နှင့်ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းတာဝန်ခံ) ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားပြီး   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းက မိတ်ဆက်စကားပြောကြားသည်။


ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးက တိုင်းအတွင်း ဆောင်ရွက်ထားရှိသည့် မြို့နယ်အလိုက် လျာထားမဲရုံ၊ လျာထားမဲဆန္ဒရှင်စာရင်းနှင့် လူဦးရေ အခြေအနေများအား ရှင်းလင်းတင်ပြသည်။


ယင်းနောက် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ် ရွေးကောက်ပွဲအရာရှိများက မိမိတို့ခရိုင်နှင့်မြို့နယ်များအတွင်း စက်တင်ဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများ၊ နိုင်ငံသားကတ် နှင့်အိမ်ထောင်စုစာရင်းရှိသူလူဦးရေစာရင်း၊ မြေပြင်ရှိလူဦးရေစာရင်း၊ ဥပဒေနှင့်အညီနေထိုင်သူ လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ခရိုင်အတွင်းရှိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ် ဆောင်ရွက်ထားမှုအခြေအနေနှင့် မြို့နယ်အလိုက်မဲရုံလျာထားသတ်မှတ်ထားရှိမှုအခြေအနေများကို   အသီးသီးတင်ပြကြသည်။


ထို့နောက် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့က မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးဆောင်ရွက်မှု လုပ်ငန်းအောင်မြင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲများ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပေါင်းစပ် အကြံပြု ဆွေးနွေးကြသည်။


ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်နှင့် ဦးမြင့်သိန်းတို့က ဖြည့် စွက်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်နှင့်  ဦးမြင့်သိန်း တို့သည် အောက်တိုဘာလ ၁၃ ရက်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၂၇)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီးမဲရုံလျာထား မှုကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းအတည်ပြုခဲ့ကြကာ ကော့သောင်းမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ပုလုံးတုံတုံးကျေးရွာအုပ်စုရှိ မဲရုံလျာထားမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)