စလင်းမြို့နယ်တွင် အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်နှင့် အသားများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်နှင့် အသားများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး



MNP - အောက်တိုဘာ   ၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အလယ်ပိုင်တိုင်းစစ်ဌာနချုပ်၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စလင်းမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ဝင်ငွေနည်းပါးသော ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန် ဟင်းသီး ဟင်းရွက်နှင့် အသားများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က ရောင်းချပေး လျက်ရှိကြောင်း သိရသည်။ 


အဆိုပါ ဝင်ငွေနည်းပါးသည့် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည် နှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ရောင်းချပေးရာတွင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ စာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည် ၁၅၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သားကို ၃၀၀၀ ကျပ်၊ အမဲသား ၂၅ ကျပ်သားကို ၂၀၀၀ ကျပ်၊ ဝက်သား ၂၅ ကျပ်သားကို ၂၀၀၀ ကျပ်၊ ကြက်သား ၂၅ကျပ်သားကို ၂၀၀၀ ကျပ်၊ အာလူး၅၀ ကျပ်သားကို ၁၀၀၀ကျပ်၊ ကြက်သွန်နီ ၅၀ ကျပ်သားကို ၁၅၀၀ ကျပ်၊ ခရမ်းချဉ်သီး ၅၀ ကျပ်သားကို၈၀၀ကျပ်၊ ကြက်ဥ၅လုံးကို ၈၀၀ ကျပ်၊ ကန်စွန်းရွက် တစ်စီကို ၁၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းကို ၁၀၀ ကျပ်နှုန်းနှင့် ဘူးရွက်တစ်စီးကို ၁၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။


ထိုသို့ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဗိုလ်မှူး မျိုးမင်းထွန်း၊ စလင်းမြို့နယ် ခေတ္တရဲမှူးကြီး ကျော်စိုးခိုင်နှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူများက စည်းကမ်းတကျ တန်းစီ၍ ၅ ယောက်တစ်ဖွဲ့စီ အခြေခံစားသောက်ကုန်များကို ဝယ်ယူအားပေးကြကြောင်း စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)