အင်းစိန်မြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP - အောက်တိုဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားစေရန်၊ တိတိကျကျ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်စေရန်နှင့် အတွေး၊ အမြင်များ မှန်ကန်အောင် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍  ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းကို ယနေ့နံနက် ၁၀ နာရီကအမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (အင်းစိန်)၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့သည်။


အလုပ်ရုံ ဆွေးနွေးပွဲတွင် အင်းစိန်မြို့နယ်၊ ပညာရေးမှူး ဒေါ်ဝင်းဝင်းနွယ်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းအုပ်ကြီးများ၊ အလယ်တန်း ကျောင်းအုပ်ကြီးများ၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ရုံးအဖွဲ့များ စုစုပေါင်း ( ၅၃ )ဦးတို့ တက်ရောက်ပြီး နည်းပြအဖြစ် အင်းစိန်မြို့နယ်၊ ပညာရေးမှူး ဒေါ်ဝင်းဝင်းနွယ်က ပညာရေး ကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း ဘာသာရပ်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့နံနက် ၁၀ နာရီအချိန်မှ ညနေ ၄ နာရီအချိန်အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇွဲထက်ကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)