စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်



MNP - အောက်တိုဘာ   ၁၄


စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်၏ ဆောင်ပုဒ်မှာ “Early Warning and Early Action For All” ၊ “ကြိုတင်သတိပေး ထုတ်ပြန်ချက်စောလျင် ဆောင်ရွက်အားလုံးအတွက်” ဖြစ်ပါကြောင်း၊ ၂၀၃၀ ခုနှစ် အရောက်တွင် လူတိုင်းအတွက် ဘက်စုံအန္တရာယ် ကြိုတင်သတိပေးစနစ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက် အလက်နှင့် အကဲဖြတ်မှုများသိသိသာသာ တိုးမြှင့်ရရှိစေမှာ ဖြစ်ပါကြောင်း၊ ရပ်ရွာလူထု၏ အသိပညာနှင့် ကြိုတင်ပြင်ဆင်မှုများတွင် ရင်းနှီးမြုပ်နှံရန် အရေးကြီးပါကြောင်း၊ စောစီးစွာသတိပေးချက် တန်ဖိုးများအနေဖြင့် စောစီးစွာသတိပေးချက်သည် အသက်များစွာကို ကယ်တင်ပေးနိုင်ခြင်း၊ (၂၄) နာရီအတွင်း ကြိုတင်သတိပေးခြင်းဖြင့် နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုကို (၃၀) ရာခိုင်နှုန်းလျှော့ချပေးနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုသည် မကြာခဏ လွန်ကဲပြီး ခန့်မှန်းမရနိုင်သော ရာသီဥတုဆိုင်ရာ အန္တရာယ်များကို ဖြစ်ပေါ်စေသဖြင့် ကြိုတင်သတိပေးချက်တွင် ရင်းနှီးမြုပ်နှံမှုကို ယခင်ကထက်ပိုမို၍ အရေးတကြီး ပြုလုပ်ခြင်းဖြင့် ကြိုတင်သတိပေးစနစ်များသည် အန္တရာယ်များစွာကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နွေရာသီတွင် အပူရှိန်မြင့်မားခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခြင်း၊ ရေရှားပါးခြင်း၊ မိုးရာသီတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ကမ်းပါးပြိုကျခြင်း ဆောင်ရာသီတွင် အအေးလှိုင်းဖြတ်ခြင်းနှင့် ရာသီမရွေး ဖြစ်ပွားသည့် ငလျင်၊ ဆူနာမီ၊ မြေပြိုဘေးစသည့် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ကြိုတွေ့ နိုင်ခြေရှိပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများကို ပြည်သူများပါဝင်၍ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်များတွင် ပြည်သူလူထူ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ကုလသမဂ္ဂဘေးအန္တရာယ်လျော့ပါးရေးရုံး (UNDRR)မှ ပေးပို့လာသော ၂၀၂၂ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာ Video Clip နှင့် ၂၀၂၂-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ် Video Clip တို့အား ကြည့်ရှု အားပေးကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်လွှာများအား ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်း အမှတ်ပြခန်းအား လိုက်လံကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)