ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့ကဦးဆောင်၍ မန္တလေးမြို့နေ မြန်မာပြည်ဖွား ဗုဒ္ဓဘာသာဝင် တရုတ်မျိုးနွယ်စုများက သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့ကဦးဆောင်၍ မန္တလေးမြို့နေ မြန်မာပြည်ဖွား ဗုဒ္ဓဘာသာဝင် တရုတ်မျိုးနွယ်စုများက သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှူဒါန်း

 


MNP - အောက်တိုဘာ   ၃၀


ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က ကြီးမှူးဦးဆောင်၍ မန္တလေးမြို့နေ မြန်မာပြည်ဖွား ဗုဒ္ဓဘာသာဝင် တရုတ်မျိုးနွယ်စုများ၊ ယူနန်ဘုရားကျောင်း၊ ကြင်းတော်ယန်ဗုဒ္ဓဘာသာပရဟိတအသင်း၊ ဖုကျင့်၊ ကွမ်တုံ၊ လူမျိုးစု၊ တရုတ်အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်းကျင်းပသော သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တော်လှူဒါန်းပွဲနှင့် ရေစက်ချအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀ ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် ပြုလုပ်သည်။


အခမ်းအနားသို့ နန်းရှေ့ ၆၂ လမ်း၊ ၂၅ လမ်းရှိ စလင်းဝိဘဇ္ဇဝါဒီ ပရိယတ္တိစာသင်တိုက်  တိုက်အုပ်ဆရာတော်အမှူးပြုသော သံဃာတော်(၁၅၈)ပါး ကြွရောက်တော်မူကြပြီး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ ကြင်းတောယန်ဗုဒ္ဓဘာသာပရဟိတအသင်း၊ ဖုကျင့်၊ ကွမ်တုံ၊ လူမျိုးစုနှင့် တရုတ်အမျိုးသမီးရေးရာအသင်းတို့မှ တာဝန်ရှိသူများ၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်များ အလှူရှင်များတက်ရေယက်ကြသည်။


စလင်းဝိဘဇ္ဇဝါဒီကျောင်းတိုက်မှ ဝါဆိုသံဃာ(၁၅၈)ပါးတို့အား အမှူးထား၍ တိုက်အုပ်ဆရာတော်နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တဝိလာသာဘိဝံသထံ အလှူရှင်များကိုယ်စား အသင်းတာဝန်ရှိသူများက ကထိန်လျာဉာတ်သင်္ကန်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ကျောင်းတိုက်ထာဝရငွေပဒေသာပင် ငွေကျပ်သိန်းခြောက်ဆယ်၊ သံဃာတော်(၁၅၈)ပါးတို့အား  (၁၄,၇၁၆,၀၀၀/-)ကျပ်တန်ဖိုးရှိ သင်္ကန်းပရိက္ခရာတစ်စုံစီ၊ နဝကမ္မဝတ္ထုငွေကျပ်နှစ်သောင်းနှုန်းဖြင့်(၃,၁၆၀,၀၀၀/-)ကျပ်၊ ဓမ္မပူဇာအလှူငွေကျပ်တစ်သိန်း၊ ဦးတင်ထွန်းမိသားစုက ငွေကျပ်ငါးထောင်နှုန်းဖြင့် အလှူငွေ(၇၉၀,၀၀၀/-)ကျပ်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက်ဆရာတော်ထံမှ ရေစက်ချတရားနာယူကြည်ညိုကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကြကြောင်းသိရသည်။


သတင်း - မြင့်မော်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)