ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအားကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအားကြည့်ရှုအားပေး

 



MNP - အောက်တိုဘာ  ၁၈


ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ ပူးပေါင်း ကျင်းပသည့် သီတင်းကျွတ်အထိမ်းအမှတ် အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ယမန်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကာ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အ‌ဖြစ် အံတော်ရှင်(က) အသင်းနှင့် ကျောင်းသားကလပ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအား‌ပေးရာ အံတော်ရှင်(က)အသင်းက ၂ ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးများက အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး ဆုရရှိသော အားကစားသမားများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး တတိယဆုရရှိသော အငယ်လေး အသင်းအား ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး ‌ဒေါ်နန်ဆိုင်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ ဒုတိယဆုရရှိသော ကျောင်းသားကလပ်အသင်းအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပထမဆုရရှိသော အံတော်ရှင်(က) အသင်းအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။     


အဆိုပါ သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြစ်ကြီးနားမြို့ရှိ အသင်းပေါင်း (၁၃)သင်းဖြင့် အောက်တိုဘာ ၁၅ ရက်နေ့မှ အုပ်စု(၄)စုခွဲ၍ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစား သမားများ ပေါ်ထွန်းလာစေရေးအတွက် ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ်ပြိုင်ပွဲ၊ ဒီဇင်ဘာလူထု အားကစားလ လှုပ်ရှားမှုပြိုင်ပွဲ၊ ကချင်ပြည်နယ်နေ့အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)