စဉ့်ကိုင်မြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု



MNP - အောက်တိုဘာ  ၃၁


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်‌နေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တင်ဒါအောင်မြင်သော အုန်းလက်ကောက်ကျေးရွာ ကုန်ထုတ်လမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်မြင့်ခိုင်နှင့် ဝန်ထမ်းများက ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြစ်ဧရာကုမ္ပဏီမှ တာဝန်ရှိသူများအား လုပ်ငန်းအချိန်မီပြီးစီးရေး၊  သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။


အုန်းလက်ကောက်ကျေးရွာတွင် ၂၀၂၂-၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာ ခွင့်ပြုရန်ပုံငွေ (၁၂၆.၃၅)သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း အရှည် (၁/၃.၂၆) မိုင်၊   အကျယ်(၁၄)ပေ၊  မြေသားဂျင်း (၂ပေ၉လက်မ)ထုခင်းခြင်းနှင့် ကွန်ကရစ်တံတား(၁၄ပေ× ၂၀ပေ×၁၀ပေ) တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက တောင်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများအား လေလွင့်နည်းပါးစွာဖြင့် ဈေးကွက်သို့အရောက် ပို့ဆောင်နိုင်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စွာ ဖြတ်သန်းနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ အနေဖြင့် များစွာအကျိုးရှိလာမှာဖြစ်ကြောင်း  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်မြင့်ခိုင်ထံက သိရသည်။


သတင်း - ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)