ဆီဆိုင်မြို့နယ်တွင် ၁၀၈ ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲအား စည်းကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်တွင် ၁၀၈ ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲအား စည်းကားသိုက်မြိုက်စွာကျင်းပ

 



MNP - အောက်တိုဘ၁၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့အဖြစ် ၁၀၈ ကြိမ်မြောက် ဆွမ်း၊ ဆွမ်းဟင်းနှင့်ဘောဇဉ် ဝတ္ထုငွေများ လောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ ဝိသုန္ဒိစာသင်ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


၁၀၈ ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကို ဝိသုန္ဒိစာသင်ကျောင်းတိုက်ဆရာတော် ဥူးမုနိဒက ဦးဆောင်၍ ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းရှိ  သံဃာတော်(၂၉၇)ပါးတို့အား ခမရ (၄၂၅) ခမရ (၄၂၆) နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင်များ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဘန်းယဉ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာ‌ရေးဝန်ထမ်း၊  လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအပါအဝင် ရပ်ဝေးရပ်နီးမှ စေတနာရှင်၊ အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ် ဝတ္ထုငွေတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။


ထို့နောက် ၁၀၈ ကြိမ်မြောက် ဆွမ်း၊ ဆွမ်းဟင်းနှင့်ဘောဇဉ် ဝတ္ထုငွေများ လောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသော စေတနာရှင် အလှူရှင်များက ဆရာတော် အရှင်သူမြတ်များထံမှ တရားတော်များနာယူပြီး ရေစက်ချ အမျှအတန်းများ ပေးဝေခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)