မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေး

 



MNP - အောက်တိုဘာ   ၉


ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် အဓိကအခန်းကဏ္ဍတစ်ခုဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့တော်ခန်းမတွင် စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး စိတ်ချရသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများက ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့ကြသည်။


ထိုကဲ့သို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးရာ၌ ယနေ့တွင် နှစ်ကြိမ်ပြည့် ထိုးနှံပြီး (၆) လနှင့်အထက် ပြည့်ပြီးသူ (၁၀၅) ဦးတို့အား ထပ်ဆောင်းကာကွယ်ဆေး Booster Dose အနေဖြင့် လည်းကောင်း၊ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပြီး သတ်မှတ်ကာလ ပြည့်ပြီးသည့် ပြည်သူ(၃၅) ဦးတို့အား Additional Booster  Dose အနေဖြင့်လည်းကောင်း ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)