မိုးညှင်းမြို့၌ ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး



MNP - အောက်တိုဘာ   ၈


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာ (၇)ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။   


အဆိုပါ ထုတ်ချေးပေးရာတွင် မိုးညှင်းမြို့နယ်အတွင်း ဆောင်းရာသီ၌ အခြားသီးနှံများ မြေပဲနှင့် ပဲမျိုးစုံတို့ကို စိုက်ပျိုးသော တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် အချိန်စေ့ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်အမီ အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။


ထို့နောက် အောက်တိုဘာ (၇)ရက် မွန်းလွဲ (၂)နာရီတွင် အမှတ်(၁)ရပ်ကွက်မှ တောင်သူ ၁၄ ဦးအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းဧက  ၁၀၄ ဧကအတွက် ငွေကျပ် ၁၀၄ သိန်းကို စတင်ထုတ်ချေးပေးခဲ့ပြီး တောင်သူများအား ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ စု၊ ဆောင်းရာသီစိုက်ပျိုးဧက ၃၅၀၀ ဧကအတွက် စုစုပေါင်းငွေကျပ် သိန်း ၃၅၀၀ ကို ထုတ်ချေးပေးရန် လျာထားကြောင်း ခရိုင်မန်နေဂျာ ဦးအောင်နိုင်ထံမှ သိရသည်။


သတင်း- ရွှေမိုးညှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)