MNP ၊ အောက်တိုဘာ ၄
မွန်ပြည်နယ်၊ပေါင်မြို့နယ် ကျွဲခြံကျေးရွာနှင့်အဟောက်ကျေးရွာရှိ မိုးစပါးစိုက်ခင်းများတွင် ဖြုတ်ပိုးကျရောက်လျက်ရှိသော တောင်သူများနှင့်တွေ့ဆုံ၍ ကာကွယ်နှိမ်နင်းရန်နည်းလမ်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကိုယနေ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ကာကွယ်နှိမ်နှင်းရေးနည်းလမ်းများကိုဆောင်ရွက်ရာတွင် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးဦးတင့်နိုင်သည် ပြည်နယ်ပိုးမွှားတာဝန်ခံဒေါ်သန်းသန်းလွင်နှင့် ပေါင်မြို့နယ်ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်နှင့်ဝန်ထမ်းများနှင့်အတူ ပေါင်မြို့နယ်အတွင်းရှိ ပိုးကျသည့်နေများသို့ ကွင်းဆင်းကာ ပေါင်မြို့နယ် ကျွဲခြံကျေးရွာနှင့်အဟောက်ကျေးရွာရှိ မိုးစပါးစိုက်ခင်းများတွင်ဖြုတ်ပိုးကျရောက်လျက်ရှိသော တောင်သူများနှင့်တွေ့ဆုံ၍ ကာကွယ်နှိမ်နင်းရန်နည်းလမ်းများအား နည်းပညာပေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ၏ ရောဂါပိုးကျရောက်သော စပါးခင်းများအား ထိခိုက်ဆုံးရှုံးမှုနည်းပါးအောင် အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment