လှိုင်းဘွဲမြို့နယ်၊ ရွာသာအေး မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်၊ ရွာသာအေး မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 




MNP - အောက်တိုဘာ   ၁၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာအတွင်းရှိ မွေးမြူရေးဇုန်၌ မွေးမြူရေးလုပ်ငန်းကုန် ထုတ် သမဝါယမအသင်း လီမိတက်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။


အဆိုပါ အခမ်းအနားတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ငွေကို မြို့နယ်အဆင့် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက မွေးမြူ ရေးလုပ်ငန်းများ လုပ်ကိုင်ကြမည့်သူများအနေဖြင့် မိမိတို့ မွေးမြူရန် စာရင်းပေးထားသည့် တိရိစ္ဆာန်များကို စနစ်တကျ မွေးမြူနိုင်ရေးနှင့် သတ်မှတ်ထားသည့် အချိန်များ၌   အတိုးနှုန်းများကို ပေးသွင်းနိုင်စေရေး၊ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် ကြိုးစားလုပ်ကိုင် ကြစေလိုကြောင်း၊ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က မွေးမြူရေးဇုန်ရှိ သမဝါယမအသင်းသားများဖြစ်သည့် အတွက် သမဝါယမ အတွေးအမြင်၊ အသိများအတိုင်း လိုက်နာဆောင်ရွက်သွားကြစေလိုကြောင်း၊ နောက်လာမည့်နှစ်များတွင် နိုင်ငံတော် မတည်ငွေများကို နောက်ထပ်မလိုဘဲ ကိုယ့်အားကိုယ်ကိုးပြီး မွေးမြူရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြည်နယ် ၏  စားနပ်ရိက္ခာဖူလုံစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးရှင်းပြခဲ့သည်။


ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ငွေအတွက် မြို့နယ်အဆင့် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက ရွာသာအေး မွေးမြူရေးကုန်ထုတ် သမဝါယမအသင်း၏ အဖွဲ့ခေါင်းဆောင်အား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြမည့် အသင်းသား(၁၂)ဦးအတွက်   မတည်ငွေကျပ် (၁၁၁၆) သိန်းကို   ပေးအပ်ခဲ့ပြီး အသင်းသားတစ်ဦးစီအား လက်ဝယ်အရောက် မတည်ငွေများကို ပေးအပ် ခဲ့ကြသည်။


ရွာသာအေးမွေးမြူရေးဇုန်ရှိ ကုန်ထုတ်သမဝါယမအသင်း လီမိတက်မှ အသင်းသားများက ၎င်းတို့မွေးမြူကြမည့် တိရိစ္ဆာန်ကောင်ရေနှင့် အစာ ဘိုးများအတွက် ရင်းနှီးမတည်ငွေကျပ် (၂၃၀) သိန်းရှိထားပြီး လိုအပ်သည့် ပံ့ပိုးချေးငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံ ငွေမှချေးယူ၍ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမ အသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်က ရှင်းပြသည်။


သတင်း - လင်းသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)