MNP - အောက်တိုဘာ ၁၈
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် တအာင်းတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုပြတိုက် ပြုလုပ်ရန် အတွက် အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ဒေသဦးစီးရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်က တအာင်း တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုပြတိုက်သည် ပလောင်လူမျိုးအတွက် အလွန်ပင်လိုအပ်လျက်ရှိကြောင်း ပလောင်လူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများပျောက်ပျက်မသွားအောင် ပြသရာနေရာတစ်ခု ရွေးချယ်ပေးစေလိုကြောင်း အစည်းအဝေး တက်ရောက်သူ ပလောင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှလည်း အကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသော ပလောင်စာပေယဉ်ကျေးမှုဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဦးစောလွင်ကယနေ့ခေတ် လူငယ်များမှ ပလောင်လူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ သိရှိစေလိုသောကြောင့် ယဉ်ကျေးမှုပြတိုက် ပြုလုပ်ရန်အတွက် နေရာ (၃) နေရာဖြစ်သော မိုးဂဲလ်ရပ်ကွက်၊ မင်္ဂလာရပ်ကွက် မြို့ပြင်ကားကြီးကွင်းနေရာများကို ချပြဆွေးနွေးခဲ့ရာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးခဲ့ပြီး တက်ရောက် လာသောဒေသအဆင့်/မြို့နယ် ဌာနဆိုင်ရာများမှလည်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment