မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး



MNP - အောက်တိုဘာ   ၁၃


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာရင်းဇယားများအား ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ  တာဝန်ရှိသူများက ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှသိရသည်။


မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ခရိုင်ဌာနတွင်း စစ်ဆေးရေးအဖွဲ့နှင့်အတူ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကွဲမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလ(ဇူလိုင်လမှစက်တင်ဘာလ)အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာမြစိမ်းရောင်စီမံကိန်း၊ မြစိမ်းရောင်စီမံကိန်းဖြင့် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးမှု၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)၊ ကျေးလက်ကုန်ထုတ်လမ်း၊ ကျေးလက်ရေရရှိရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများနှင့် စာရင်းဇယား များကို ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မိတ္ထီလာခရိုင်အတွင်း၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် ကျေးရွာ (၁၄) ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးရွာတစ်ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ကျေးရွာ ၃၈ ရွာ၊ အသက် မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၂)ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း ၂၃ ခုနှင့် ကျေးလက်ကုန်ထုတ် လမ်း ၈လမ်းတို့ကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)