တံတားဦးမြို့ သမိုင်းဝင်မဟာရွှေသာလျောင်း (ပေါင်းလဲကြီး)ဘုရားစာရေးတံမဲနှင့် ဆွမ်း ၊ ဆွမ်းဟင်းများ လောင်းလှူပွဲစည်းကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့ သမိုင်းဝင်မဟာရွှေသာလျောင်း (ပေါင်းလဲကြီး)ဘုရားစာရေးတံမဲနှင့် ဆွမ်း ၊ ဆွမ်းဟင်းများ လောင်းလှူပွဲစည်းကားသိုက်မြိုက်စွာကျင်းပ




MNP - အောက်တိုဘာ   ၁၂


တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် တဲတော်ရာရပ်ရှိ သမိုင်းဝင် မဟာရွှေသာလျောင်း (ပေါင်းလဲကြီး)ဘုရားတွင် စာရေးတံမဲနှင့် ဆွမ်း၊ ဆွမ်းဟင်းများလောင်းလှူပွဲကို ယနေ့နံနက်(၈)နာရီကအဆိုပါဘုရား အာရုံစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။


စာရေးတံမဲနှင့် ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူပွဲတွင် အလှူရှင် ဒါယကာ၊ ဒါယိကာမများက တံတားဦးမြို့ ကျောက်စာတိုင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနာယက ဘဒ္ဒန္တဒေါက်တာဇဋိလာလင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး  အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး စာရေးတံမဲနှင့် ဆွမ်း၊ ဆွမ်းဟင်းများလောင်းလှူကြသည်။


ဗုဒ္ဓပူဇနိယဘုရားပွဲ စာရေးတံမဲနှင့် ဆွမ်း၊ ဆွမ်းဟင်းများကို နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် (၃)ရက်နေ့တွင် စာရေးတံမဲနှင့် ဆွမ်း၊ ဆွမ်းဟင်းများကို မြို့ပေါ်ကျောင်းများမှ ဆရာတော်သံဃာတော်(၂၄၃)ပါး၊ ရပ်ကျေးမှ ဆရာတော်သံဃာတော်(၁၁၈)ပါး စုစုပေါင်း ဆရာ တော်သံဃာတော်(၃၆၁)ပါးတို့အား စုစုပေါင်းလှူဒါန်းငွေကျပ် (၇၉)သိန်းကျော်လှူဒါန်းပါကြောင်း  ဒါ့အပြင် အဆိုပါ ဘုရားကြီးတွင် နယုန် လဆန်း (၁၁)ရက်နေ့မှ လပြည့်ကျော်(၂)ရက်နေ့အထိ (၂၆)ကြိမ်မြောက် နေ့ညအသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကိုလည်း ကျင်းပနိုင်ခဲ့ပါကြောင်း ရွှေသာလျောင်းဘုရား ဂေါပကအဖွဲ့ ဦးတင်ဦးခိုင်၏ ပြောကြားချက်အရသိရသည်။ သမိုင်းဝင် မဟာရွှေသာလျောင်း (ပေါင်းလဲကြီး)ဘုရားသည်တံတားဦးမြို့ တဲတော်ရာရပ်တွင် တည်ရှိပြီး အဆိုပါဘုရားမှာ  ဖဝါးတော်(၁၂)တောင်၊ နှာရောင်တော် (၅) တောင် ၊ ဉာဏ်တော်(၇၀)တောင်၊ နားတော်(၈)တောင်နှင့် လက်ဖဝါးတော်(၉)တောင်ရှိပြီး ပင်းယမြို့တည်နန်း တည် ဒုတိယနန်းစံ ဥဇနာမင်းက တည်ထားကိုးကွယ်ခဲ့ကြောင်းသိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)