မိတ္ထီလာတက္ကသိုလ်၌ အသစ်ခန့်ထားသော နည်းပြ၊သရုပ်ပြများအတွက် အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတက္ကသိုလ်၌ အသစ်ခန့်ထားသော နည်းပြ၊သရုပ်ပြများအတွက် အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 



MNP - အောက်တိုဘာ  ၂၇


မိတ္ထီလာတက္ကသိုလ်၌ အသစ်ခန့်ထားသော နည်းပြ၊သရုပ်ပြများအတွက် အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါ တက္ကသိုလ်သင်တန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာခင်နှင်းအိက အဖွင့်အမှာစကားပြောကြား သည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနေအောင်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်မည့်နည်းပြ၊ သရုပ်ပြများအတွက် ယခုဖွင့်လှစ်သည့် အရည်အသွေးမြှင့်သင်တန်းသည် ပထမဆုံးတက်ရောက်ရသည့် သင်တန်းဖြစ်ပြီး ဂရု တစိုက် တက်ရောက်သင်ယူကြရန်လိုအပ်ကြောင်း၊ သင်တန်းပြီးစီးချိန်တွင်လည်း သင်တန်းစမ်းစစ်ချက်အစီအစဉ်ပြု လုပ်မည်ဖြစ်ပြီး မိမိတို့တက်ရောက်သင်ယူခဲ့သည့် အဆင့် အလိုက် သင်တန်းဆင်းလက်မှတ်များကိုလည်း အသိအမှတ်ပြုပေးအပ်သွားရန်စီစဉ်ထားပါကြောင်း၊  သင်တန်းတွင် ဒုတိယပါမောက္ခချုပ်(သင်တန်း)၊ဒုတိယ ပါမောက္ခချုပ်(စီမံ)နှင့်ဌာနမှူး(စီမံ/ဘဏ္ဍာ)တို့က သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသည်။ အဆိုပါ သင်တန်းအား အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့ အထိဖွင့်လှစ်ပြီး သင်တန်းသား သင်တန်းသူ နည်းပြ၊သရုပ်ပြ ၅၄ ဦး တက်ရောက်သည်။ အဆိုပါသင်တန်းတွင် စစ်ကိုင်းပညာရေး တက္ကသိုလ်မှ သင်တန်းနည်းပြများကလည်း အွန်လိုင်းစနစ်ဖြင့် ပါဝင်သင်ကြားပို့ချပေးမည်ဖြစ် ကြောင်းသိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)