ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်‌ ကျမ်းစာ‌သင်‌ကျောင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်‌ ကျမ်းစာ‌သင်‌ကျောင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်



MNP - အောက်တိုဘာ   ၇


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ မြို့သာယာလှပ‌လာ‌စေရေးနှင့်‌ ဒေသ‌နေပြည်သူများ၏ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂- ၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၈.၅၄) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကျမ်းစာသင်ကျောင်းလမ်းအား  ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါလမ်းသည် အရှည်(၂၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်သည့်စံချိန်စံညွန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့စည်ပင် သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယင်းလမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက  မြို့သာယာလှပ‌လာမည်ဖြစ်ပြီး ဒေသနေပြည်သူများအနေဖြင့် ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ လာမည် ဖြစ်ကြောင်း သိရသည်။


သတင်း - နော်ခူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)