ရွှေတောင်မြို့နယ်တွင် အခြေခံကျောင်းများ၌ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အခြေခံကျောင်းများ၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

 


MNP - အောက်တိုဘာ   ၂၇


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်အထကကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။


အခမ်းအနားတွင် အထကသရက်တော ကျောင်းအုပ်ဆရာမကြီးဒေါ်ဝင်းမင်းသိန်းက အဖွင့်မှာစကားပြောကြားပြီး  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊


ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူးဒေါ်တင်တင်ချိုက ကြိုတင် ကာကွယ်သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဂျမ်းဂျမ်းအေးက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးဝင်းနိုင်က မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ပစ္စည်းထိန်း-၅ဒေါ်စုနန္ဒာက လူကုန်ကူးခြင်းကင်းဝေးဖို့အားလုံးဝိုင်းဝန်ပူးပေါင်းစို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ခြင်း၏အကျိုးကျေးဇူးစသည့် ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြသည်။


အဆိုပါဟောပြောပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူတက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်တို့အားပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)