သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းဆောင်ရွက်



MNP ၊ အောက်တိုဘာ ၃၁

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် သွားနှင့်ခံတွင်း ဆရာဝန်များ၊ သူနာပြုများ၊ သွားကျန်းမာရေးသူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင် လုပ်အားပေး များပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ကြီး၏ နေပြည်တော်ကျောင်းခွဲဖြစ်သော ဝဇိရာနန္ဒသုဗောဓာရုံ ဘုန်းတော်ကြီးကျောင်းရှိ ရဟန်းသံဃာတော်များနှင့် အနီးဝန်းကျင်မှ ပြည်သူများ စုစုပေါင်းလူနာ ၁၆၅ ဦးကို အခမဲ့ ကွင်းဆင်းဆေးကုသခဲ့သည်။


အဆိုပါ သွားနှင့်ခံတွင်း ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ကျောင်းရှိ ရဟန်းသာမဏေများအား ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်မှန်သွားတိုက်နည်းစနစ်ကို လက်တွေ့သရုပ်ပြသပြီး အတူတကွသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများကို စစ်ဆေးခြင်းနှင့် လိုအပ်သော ကုသမှုများကိုလည်း ဆောင်ရွက်ပေးကြသည်။


ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆေးရုံအခြေပြု ကုသပေးနေခြင်းသာမက ပြည်သူများအနေဖြင့် ကျန်းမာရေးဆေးကုသမှုအတွက် စရိတ်သက်သာ ထိရောက်ပြီး အများလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအဖြစ် ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။


သွားနှင့်ခံတွင်း အခမဲ့ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများကို ကုသရေးဦးစီးဌာန၏ ဦးစီးထောက်ပံ့ပေးမှုဖြင့် လစဉ်လတိုင်း နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)