မော်လမြိုင်ကျွန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်




MNP ၊ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မော်တော်ယာဉ်မောင်းနှင်သော ပြည်သူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင် ရွက်ကြရန်နှင့် ယာဉ်တိုက်မှုများမဖြစ်ပေါ်စေရန်အတွက် ဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခြင်းကိုအောက်တို ဘာ(၃)ရက်နံနက်(၈)နာရီအချိန်ခန့်တွင်ပြုလုပ်ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊မြို့နယ်ရဲတပ်ဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ မြို့နယ်မော်တော်ယာဉ်ပြေးဆွဲရေးနှင့်ကြီး ကြပ်ရေးကော်မတီအဖွဲ့များပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းမောင်းနှင်သွားလာလျက်ရှိသော မော်တော်ယာဉ်များအား ယာဉ်အန္တရာယ်၊လမ်းအန္တ ရာယ်ကင်းရှင်းစေရေးအဖွဲ့ကပြည်သူများယာဉ်စည်းကမ်၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ကြရန်နှင့်ယာဉ်တိုက်မှုများမဖြစ်ပွားစေရန်အတွက်မော်တော်ယာဉ်ဥပဒေ စည်းကမ်းချက်များကိုလိုက်နာဆောင်ရွက်ကြရန်ယာဉ်အန္တရယ်စုပေါင်းကာကွယ်မည်၊ ယာဉ်စည်းကမ်းလိုက်နာဘေးကင်းကွာ၊ယဉ်အန္တရာယ်ကင်းရှင်းဖို့၊ဝိုင်းဝန်းကူညီဆောင်ရွက်စို့စာတန်းပါစတေကာများနှင့်၊ယာဉ်မောင်းသူများလိုက် နာရန်စည်းကမ်းချက်များ၊အနှေးယာဉ်မောင်းနှင်သူများလိုက်နှာရန်စည်းကမ်းချက်များ၊ခြေကျင်လျှေက်သူများလိုက်နာရန်စည်းကမ်းချက်ဥပဒေများပါရှိသောအ သိပညာပေးလက်ကမ်းစာဆောင်များကိုအခမဲ့ဖြန့်ဝေပေးခြင်းများဆောင်ရွက်ကြသည်။


ဆက်လက်၍ မော်တော်ယာဉ်များအား ယာဉ်မောင်းလိုင်စင်များစစ်ဆေးခြင်း၊ ယာဉ်လိုင်စင်များစစ်ဆေးခြင်း၊ ဆိုင်ကယ်စီးဦးထုပ်များစစ်ဆေးခြင်းများကို ပြည်သူများသွားလာမူများသောနေရာ(၄)နေရာ တွင်စစ်ဆေးမူ့များဆောင်ရွက်ရာ အထက်ဖော်ပြပါစည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိသော မော်တော်ယာဉ်များကို အသိပညာပေး ဒဏ်ငွေရိုက်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)