စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးဟောပြော



MNP - အောက်တိုဘာ   ၁၅


စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းခရိုင် အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က အဖွင့်အမှာစကား ပြောကြားရာ မိမိတို့ကျောင်းတော်ကြီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများရရှိနိုင်စေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စိတ်ဝင်စားစွာ နားထောင်ပြီး လက်တွေ့အသုံးပြုသွားလာ ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့်ပြောကြားကာ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ယာဉ်အန္တရာယ်/ လမ်းအန္တရာယ်ဆိုင်ရာ ဥပဒေ/ နည်းဥပဒေများနှင့် မလိုလားအပ်သည့် အသက် ဆုံးရှူံးမှုများ မဖြစ်စေရန် ဆွေးနွေးပေးရခြင်းဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ပြည်သူများယာဉ်အန္တရာယ်ဖြစ်ပွားမှု လျော့နည်းလာအောင် အခုလိုအဆင့်မြင့်ကျောင်းများ၊ အခြေခံပညာ ကျောင်းများနှင့်ပူးပေါင်း၍ လည်းကောင်း၊ ရွေ့လျားယာဉ်ဖြင့် အချက်အခြာကျသည့် လမ်းဆုံ/ လမ်းခွများတွင် ပြည်သူများအား အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ရှင်းလင်း ဆွေးနွေးဟောပြောပေးခဲ့သည်။


ဆက်လက်၍ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်က အသိပညာများဆွေးနွေးဟော ပြောခဲ့သည့် တာဝန်ရှိသူအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ ဆွေးနွေးပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဌာနမှူးများ/ ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။                                                                                    


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)