MNP - အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အထက (မိုးညို) သရဖူခန်းမဆောင်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးသန်းဦးက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စီမံဘာသာရပ်ဆိုင်ရာများအား ဆွေးနွေးပို့ချသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးဇော်မျိုးထွဋ်က ကာယပညာနှင့် ကျောင်းကျန်းမာဘာသာရပ် ဆိုင်ရာများအားလည်းကောင်း၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးမျိုးမင်းဦးက ဘဏ္ဍာဘာသာရပ် ဆိုင်ရာများအားလည်းကောင်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသန်ဌေးက ပညာ(၂) ဘာသာရပ်ဆိုင်ရာများအားလည်းကောင်း ဆွေးနွေးပို့ချပြီး ကျောင်းအုပ်ကြီးများနှင့် ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၈ /၂၉ (၂)ရက်တာ ပြုလုပ်မှာဖြစ်ပြီး မိုးညိုမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီး(၁၆၆)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - ကိုမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment