ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး



MNP - အောက်တိုဘာ  ၂၈


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည်အုပ်စုအလိုက် ရဟန်းရှင်လူပြည်သူများ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများနှင့် အသက် ၅ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသားကျောင်းသူများကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့စည်ပင်သာယာခန်းမ၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အသက် ၁၈ နှစ်နှင်အထက်ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့်အကြိမ်ပြည့်ထိုးနှံပြီး ၆ လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (တတိယအကြိမ်)၊ ထပ်ဆောင်းကာကွယ်ဆေး (စတုတ္ထအကြိမ်)တို့ကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။


ထို့ပြင် အဆိုပါခန်းမ၌ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ လာရောက်ပြသသူများသည် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ခေါင်းမူးခေါင်းကိုက်၊ ဒူးနာခါးနာနှင့်ထုံနာကျင်နာ ဖြစ်ပွားသူများဖြစ်ပြီး ရောဂါဝေဒနာရှင်များအလိုက် ကျန်းမာရေးစမ်းသပ်စစ်ဆေး၊ ဆေးထိုး ဆေးတိုက် ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)