MNP - အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/သူများအားတွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ကျောင်းသားလူငယ်များအား ယနေ့ခေတ် ကျောင်းသားလူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် နိုင်ငံ့ခေါင်းဆောင် လူတော်များဖြစ်ကြကြောင်းနှင့် ထိုလူငယ်များကသာလျှင် ပိုမိုကောင်းမွန်သော၊ ခေတ်မီသော၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ဦးဆောင်သွားကြရမည်ဖြစ်၍ ပညာကို ပိုမိုကြိုးစားသင်ယူကြရန်နှင့် ရရှိသည့်အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး အမြင့်ဆုံးပန်းတိုင်ကို တက်လှမ်းကြရန်နှင့်လိုအပ်သည့် အကူအညီများကို တောင်းခံကြရန် အားပေးစကားပြောကြားပြီး အ.ထ.က အဏ္ဏဝါ၊ အခြေခံပညာ အထက်တန်းကျောင်းဝန်း အတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - လှိုင်မျိုးအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment