နမ္မတူမြို့နယ် မိုးကုတ်ကျောင်းတိုက်၌ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ သံဃာဒါန ဆွမ်းလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ် မိုးကုတ်ကျောင်းတိုက်၌ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ သံဃာဒါန ဆွမ်းလောင်းလှူပွဲကျင်းပ

 



MNP - အောက်တိုဘာ ၁၇


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၁၀)ရှိ မိုးကုတ်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ သံဃာဒါနဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်(၈)နာရီ ခွဲအချိန်က အဆိုပါကျောင်းတိုက်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။


အဆိုပါ ဆွမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ စေတနာရှင် သဒ္ဒါရှင် ကုသိုလ်ရှင်  ဘုရား ဒါယကာ/ဒါယိကာမအပေါင်းတို့က ပင့်သံဃာတော် အပါး(၆၀)ပါးတို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆပ်ကပ်လောင်းလှူခဲ့ပြီး၊ ဆရာတော်အရှင်သူမြတ်များထံမှ ဆွမ်းအနု မောဒနာ တရားတော်များနာကြားခဲ့ကာ ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။


သတင်း - လူမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)