ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူ ပူဇော်ပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူ ပူဇော်ပွဲ ကျင်းပပြုလုပ်


MNP ၊ အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူ ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၏ ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပထမကျော်၊ အဂ္ဂမဟာကျော် အဋ္ဌကထာပြန်အကျော်  သ. စ. အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ တိပိဋကဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စေတီယင်္ဂဏပဝရ သီရိမဟာဓမ္မဂုရု အဂ္ဂမဟာပဏ္ဍိတ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး သာကေတမြို့နယ်၊ တိပိဋကာလင်္ကာရစာသင်တိုက်ကြီး၏ ပဓာနနာယက ရန်ကုန်တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ဥက္ကဌ ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂသာမိ ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က လှရတနာဆရာတော် အမှူးပြုသော သံဃာတော်များအား ကထိန်လျာမြတ် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)