ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

 



MNP - အောက်တိုဘာ   ၁၃


ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာရွှေဘော်၊ ဌာနခွဲမှူး ဒေါက်တာအောင်ကိုဦးတို့ ဦးဆောင်သော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့များက ယနေ့ နံနက် (၉) နာရီအချိန်က လှော်ကားရေလှောင်ကန်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကျန်းမာရေးစစ်ဆေးခဲ့ရာတွင်  နေထိုင်မကောင်းသည့်လူနာ (၃၆) ဦးတို့ကို အဖျားတိုင်းခြင်း၊ သွေးပေါင်းချိန် ကောင်း/မကောင်း စစ်ဆေးခြင်း၊ ကူးစက်ရောဂါ လက္ခာဏာများ ရှိ/မရှိ စစ်ဆေးကြည့်ရှုကာ ဆေးဝါးကုသစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြသည်။


ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာနိုင်စေရန် (Mask) နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ၍ ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း နေထိုင်ကြရန် ပြောကြားပြီး ကျန်းမာရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း -မြတ်သူဇာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)