ပဲခူးမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 


MNP - အောက်တိုဘာ  ၂၉


ပဲခူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အ. ထ. က (၁) သီရိပညာခန်းမ၌ ကျင်းပပြုလုပ်သည်။       


ရှေးဦးစွာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းပညာ ရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးလွင်က အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲမှ ပညာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ကြီးများအား စနစ်သစ်ပညာရေးမှာ နိုင်ငံတော်ကချမှတ်ထားသော မဟာဗျူဟာများ၊ နှစ်တို၊ နှစ်ရှည်စီမံကိန်း များ၊ မူဘောင်အတွင်းကနေ မိမိကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲ့နိုင်မှသာလျှင် အရည် အချင်းရှိ၊ အရည်အသွေးရှိပြီး တွေးခေါ်မျှော်မြင်နိုင်စွမ်းရှိတဲ့ လူသား အရင်းအမြစ် တွေကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းအုပ် ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန်များနှင့် စည်ကမ်းများကို တန်ဖိုးထား လိုက်နာကာ ဆရာကျင့်ဝတ်များနှင့် အညီ အနာဂတ်လမ်းပြသူများဖြစ်အောင် ကြိုးစားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ 


အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်းတွင် စီမံ ဘာသာရပ်၊ ဘဏ္ဍဘာသာရပ်၊ ပညာဘာသာရပ်၊ စီမံကိန်းဘာသာရပ်၊ ကွန်ပျူတာ/ ICT ဘာသာရပ်၊ ကာယပညာဘာသာရပ်၊ ပြပွဲပြိုင်ပွဲ/ စာကြည့်တိုက် စသည့်ဘာသာရပ်များအား အောက်တိုဘာ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ (၂)ရက်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ပဲခူးမြို့နယ်အတွင်းမှ ထက်၊ လယ်၊ မူ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီး စုစုပေါင်း(၂၅၁)ဦး တက်ရောက် သင်ကြားကြကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)