ဇီးကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၂/၂၀၂၂ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၂/၂၀၂၂ ဖွင့်လှစ်

 



MNP -  အောက်တိုဘာ   ၁၄


ကျောင်းသား/သူအနေဖြင့် အခြေခံရှေးဦးပြုစုခြင်းပညာရပ်များ နားလည်တတ်မြောက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျောင်းများဘေးကင်းရေး လူငယ်များပါဝင်ပေး (Youth in School Safety) အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်လာစေရန်နှင့်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြက်ခြေနီလူမှုဂရုဏာလုပ်ငန်းများနှင့် ကျောင်းအခြေပြုလူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာစေရန်၊ ကျောင်းကြက်ခြေနီအသင်းခွဲငယ်များဖွဲ့စည်းနိုင်ရန်၊ ကျောင်းကြက်ခြေနီ လူငယ်အသင်းဝင်အင်အားများ တိုးပွားလာစေရန်ရည်ရွယ်၍ ဇီးကုန်းမြို့ နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၂/၂၀၂၂ ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-မြို့မ)၌ ဖွင့်လှစ်ခဲ့သည်။


အဆိုပါရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းတွင် ဇီးကုန်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူးဦးကျော်စိုးမင်းနှင့် သင်တန်းနည်းပြဆရာများမှ ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ သွေးဆုတ်၊ သွေးလန့်၊ မူးမေ့၊ သတိလစ်ခြင်းနှင့်  ဒဏ်ရာအမျိုးမျိုးသွေးယိုစီးခြင်းကို ပြုစုနည်းများ၊ အရေးပေါ်အခြေအနေတွင် အသက်ကယ်ခြင်း(CPR)နည်းများနှင့် လူနာကိုင်တွယ်ခြင်း သယ်ဆောင်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ကျောင်းသား/သူအနေဖြင့် အခြေခံရှေးဦးပြုစုခြင်း ပညာရပ်များ နားလည်တတ်မြောက်ပြီး ကြက်ခြေနီ လူမှုဂရုဏာလုပ်ငန်းများနှင့် ကျောင်းအခြေပြု လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်တတ်လာပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ကြက်ခြေနီ လူမှုဂရုဏာလုပ်ငန်းများအား အနှစ်သာရရှိရှိ ပိုမိုတိုးချဲ့ လုပ်ဆောင်လာစေနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသား/သူ ၈၂ ဦးတက်ရောက်ခဲ့ကြောင်းနှင့် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းအမှတ်စဉ် (၃/၂၀၂၂)ကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးကျော်စိုးမင်းထံမှ သိရသည်။


သတင်း - တင့်ဆွေ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)