ကျွန်းစုမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအတွက် ဒေသခံပြည်သူများနှင့်‌ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအတွက် ဒေသခံပြည်သူများနှင့်‌ တွေ့ဆုံဆွေးနွေး



MNP - အောက်တိုဘာ   ၁၃   


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ယနေ့နံနက်(၈)နာရီ(၄၅)မိနစ်အချိန်က ကျွန်းစုမြို့၊ မြို့နယ်ခန်းမ၌ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဘွဲ့ရလူငယ်များနှင့် ဆယ်တန်းအောင်များအနေဖြင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမ (ဆွဲခန့်)ခေါ်ယူနေသည့်အတွက် လျှောက်ထားနိုင်ကြောင်း၊ လာမည့်အပတ်တွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်တို့တွင် အရန်သားဖွားသင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကို (၆)လသတ်မှတ်ထားကာ စာတွေ့(၃)လနှင့် လက်တွေ့(၃)လတို့ကို သင်ကြားပို့ချပေးရန် အစီအစဉ်ရှိသည့်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအနေဖြင့် လျှောက်ထားနိုင်ကြောင်း၊ နယ်စွန်နယ်ဖျားမှာ ရှိသည့် ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိဒေသတွင်လိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများဖြစ်လာနိုင်သည့် အခွင့်အရေးကိုနားလည်ပြီး အကျိုးရှိစွာရယူရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများက တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေနဲ့ ကိုယ့်ဒေသတွင် လိုအပ်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား လူထုအတွက်စဉ်းစားပြီး အကျိုးရှိအောင်တင်ပြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် လည်း ကူညီဆောင်ရွက်ပေးရန် အဆင့်သင့်ရှိပါကြောင်း၊ ယခုလာရောက်ခြင်းသည် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူလူထုအနေဖြင့် တင်ပြသောအချက်များကို သိရှိဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထိုနောက် မြို့ပေါ် အမှတ်(၁)(၂)(၃)(၄) ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများက ကျန်းမာရေးဆေးအကူပစ္စည်းများ၊ လမ်းတံတား၊ မီးသင်္ဂြိုလ်စက်၊ ကျူးကျော်များအတွက် အိမ်ယာမြေချထားပေးရေး စသည် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား တင်ပြရာ တိုင်းရင်းသားရေးရာဝန်ကြီးက ပြန်လည်ပေါင်းစပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - စည်သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)