ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး




MNP - အောက်တိုဘာ   ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် သတ်မှတ်စည်းကမ်းနှင့် အညီမောင်းနှင်စေရေးရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မေတ္တာမီးအိမ် စာကြည့်တိုက်တွင်ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် အမှတ်(၅၈)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒု-ရဲမှူးမောင်မျိုးက မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ မြို့နယ်အတွင်းမောင်းနှင်ရမည့် သတ်မှတ်မိုင်နှုန်းများ၊  အရည်အသွေးပြည့်ဝသည့် ဆိုင်ကယ်စီးဦးထုပ်မဖြစ်မနေ စနစ်တကျတပ်ဆင်ပါရှိရေး၊ ဆိုင်ကယ်တွင်ပါရှိရမည့် မီး၊ ဘက်မှန်၊ ဘရိတ်၊ ဟွန်းများကောင်းမကောင်းစစ်ဆေး၍ စနစ်တကျတပ်ဆင်ပါရှိရေး၊ သတ်မှတ်လိုင်စင်များပြုလုပ်ထားရှိရေးတို့ကို အသိပညာပေးဟောပြောခဲ့သည်။


ဟောပြောပွဲသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ရဲတပ်ဖွဲ့ ဒု-ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး ဟောပြောပွဲအပြီးတွင် တာဝန်ရှိသူများမှ အောင်မင်္ဂလာလမ်းဆုံတွင် မြို့နယ်အတွင်း သွားလာလျက်ရှိသည့် ကား၊ ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)