အ-ထ-က(အင်္ဂပူ)ကျောင်းတွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ-ထ-က(အင်္ဂပူ)ကျောင်းတွင် မီးလောင်မှုဖြစ်ပွား

 


MNP - အောက်တိုဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ငုရွှေဝါလမ်းရှိ အ-ထ-က(အင်္ဂပူ) ကျောင်းတွင် ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က Grade-8(A) ခန်းရှိ လျှပ်စစ်မီးပလပ်ခုံ မီးပွားကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရဿည်။


အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ အမှတ်(၅)တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းမှ နည်းပြမှူးချုပ် ဗိုလ်မှူးကြီးဇော်မင်းထွဋ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ သန္ဓေမီးသတ်နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ် ၉ စီး၊ ရေသယ်ယာဉ် ၅ စီး၊ စက်ယာဉ် ၁ စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ Grade-8(A) ခန်းရှိ လျှပ်စစ်မီးပလပ်ခုံ မီးပွားကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားစာသင်ခန်းများသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် အ-ထ-က(အင်္ဂပူ) စာသင်ခန်း ၁၇ ခန်း၊ ဘုရားခန်း ၁ ခန်း၊ ကွန်ပျုတာခန်း ၁ ခန်း၊ Language Lab ၁ ခန်း၊ ရုံးခန်း ၁ ခန်း၊ သိပ္ပံခန်း ၂ ခန်း၊ နားနေခန်း ၁ ခန်း၊ စတိုခန်း ၂ ခန်းတို့ မီးလောင်ဆုံရှုံးခဲ့ကြောင်း၊ ကျောင်းသား/ကျောင်းသူများ ကျောင်းခေါ်ချိန်မပျက် ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)