ဟားခါးမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါးမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 



MNP - အောက်တိုဘာ   ၁၄


ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့တွင် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့၊ စုပေါင်းရုံးရှေ့၊ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထို့သို့ ရောင်းချပေးရာတွင် ဆန်၊ ပဲဆီ၊ နေကြာဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ကြက်ဥ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ချဉ်ပေါင်၊ ကန်စွန်းရွက်၊ မုန်ညှင်းနှင့် ငရုတ်သီးစိမ်း စသည့် အခြေခံစားသောက်ကုန်များကို ဒေသပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းလျှော့၍ ရောင်းချပေးခြင်းဖြစ်သည်။


လတ်တလောဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် အခက်အခဲဖြစ်နေသည့် အခြေခံ လူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အခြေခံ စားသောက်ကုန်များ အထူးသက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ရောင်းချပေးမှာဖြစ်ကြောင်း သိရသည်။


ယနေ့ ပြုလုပ်သည့် အခြေခံစားသောက်ကုန်များ အထူးသက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုနှင့် ဒေသပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ပြည်သူများ ဝယ်ယူနေမှုအခြေအနေကို စစ်ဗျူဟာ အခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း၊ ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ ဟားခါးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်တို့က ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။


သတင်း - မောင်ထွန်းတောက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)