တောင်ကုတ်မြို့၌ တတိယအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ တတိယအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲကျင်းပ




MNP ၊ အောက်တိုဘာ ၂၉

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဆရာ ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးများကို ပူဇော်သည့်အနေဖြင့်  တောင်ကုတ် မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက် တန်းကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

မြတ်ဆရာပူဇော်ပွဲအခမ်းအနားတွင် အငြိမ်းစားဆရာ၊ ဆရာမကြီးများဖြစ်ကြသည့် ဦးအောင်သန်းမြင့် ၊ ဦးမောင်မောင်လေး နှင့် ဒေါ်ခင်ရီ တို့က အမှာစကားပြောကြားပြီးနောက် တောင်ကုတ်မြို့နယ် ၊ မြို့နယ်ပညာရေးမှူး ကိုယ်စား အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမွှေးလှဖြူ က မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဆရာ ၊ ဆရာမများက အသက်(၇၀)နှစ် နှင့်အထက် အငြိမ်းစား ဆရာ ၊ ဆရာမကြီးများ အား ပူဇော်ကန်တော့၍ ဆရာ၊ဆရာမကြီးများ တစ်ဦးချင်းသို့ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

အဆိုပါ အခမ်းအနားကို မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ကျင်းပရေးကော်မတီမှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် တတိယအကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)