နမ့်ဆန်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ အောက်တိုဘာလ ၁၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်(၅)ဘီလီယံ ခွဲဝေချထားပေးခဲ့ပြီးဒေသတွင်းရှိ စိုက်ပျိုး/မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ညှိနှိုင်းအစည်းအဝေးကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။


အဆိုပါ လုပ်ငန်းညှိနှိုးအစည်းအဝေးတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်မှ ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ကျဆင်းသွားသည့် ပြည်သူလူထု၏ စီးပွားဘဝနှင့် နိုင်ငံတော်၏စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကျပ်(၅)ဘီလီယံခွဲဝေချထားပေးခဲ့ပြီး အဆိုပါရန်ပုံငွေများခွဲဝေသုံးစွဲရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းပုံစံအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ပုံငွေများအား စနစ်တကျအသုံးပြုရန်အတွက် ကော်မတီအသီးသီးဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း စိုက်ပျိုး/ မွေးမြူရေး မြစိမ်းရောင်စီမံကိန်း၏ အဓိကရည်ရွယ်ချက်(၄)ချက်ရှိပြီး ချေးငွေများအား စိုက်ပျိုးမွေးမြူရေး အဓိကထားလုပ်ကိုင်သည့် ကျေးလက်နေပြည်သူများသို့ ထုတ်ချေးပေးသွားရန်နှင့် အတိုးကောက်ခံခြင်းကို (၆)လတစ်ကြိမ် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းအား ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှ စတင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချေးငွေသက်တမ်း ကာလအား စိုက်ပျိုးရေးလုပ်ငန်းတွင် ကော်ဖီ၊ လက်ဖက်၊ ဝဥအပါအဝင် နှစ်ရှည်သီးနှံများအတွက် ချေးငွေ သက်တမ်း(၃)နှစ် ရာသီပေါ်သီးနှံများအတွက် ချေးငွေသက်တမ်း(၁)နှစ် သတ်မှတ်ထားပါကြောင်း စီမံကိန်းဆောင်ရွက်သည့် ကျေးရွာများတွင် အရင်းမပျောက် မတည်ရန်ပုံငွေထူထောင်ပြီး မိသားစုဝင် ငွေတိုးပွားအောင်ရည်ရွယ်၍ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း အတိုးရငွေများကို စုစည်း၍ဒေသအတွင်း ထပ်မံလိုအပ်သော ကျေးရွာများကိုပါတိုးချဲ့၍ ဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။


ထို့နောက် တက်ရောက်လာကြသော ဒေသ/မြို့နယ်အဆင့် စိုက်ပျိုး/မွေးမြူရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှစီမံကိန်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ၊ ရရှိလာသည့်အတိုးငွေများဖြင့် မိမိဒေသအတွင်းလိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဒေသအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်သည့် စီမံကိန်း တစ်ခုဖြစ်ပါကြောင်း၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ရန်လျာထားသည့် ကျေးရွာများမှ သိရှိလိုသည်များကို မေးမြန်းခြင်းအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)